Wednesday, January 28, 2009

Computer high Speed တင်ခြင်း

Start မှ Run ကိုသွားပါ။ Regedit ဆိုတာကို ရိုက်ထည့်ပြီး ok ပေးလိုက်ပါ။ HKEY_CURRENT_USER ကိုလိုက်ရှာပါ။ ( + ) အပေါင်း လက္ခဏာလေးကို click လုပ်ပါ။ control panel ကိုရှာပါ။ အဲ့ဒီမှ တဆင့် desktop ကိုထပ်ရှာပါ။ တွေ့ရင် click ပေးလိုက်ပါ။ ပြီးရင် ညာဘက်အခြမ်းကို ကြည့်လိုက်ပါအုံး၊ ဘာတွေမှန်း မသိတဲ့အများကြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ အထဲကမှ MenuShowDelay ကို ရှာပါအုံး။ တွေ့ပြီဆိုတာနဲ့ R_click ထောက်ပါ။ Modify ကိုရွေးပါ၊ value data ရဲ့တန်ဖိုးကို 0 (Zero) ရေးပြီး ok နှိပ်လိုက်ပါ ( Windown XP အသုံးပြုသူများအတွက်ပါ၊ Window Vista အသုံးပြုသူများဟာ value data ရဲ့တန်ဖိုး 50 ထိပဲထားသင့်ပါတယ် ) ။ ပြီးရင်တော့ အားလုံးကို close နဲ့ ပြန်ပိတ်လိုက်ပေါ့ဗျာ။ နည်းနည်းမြန်သွားမှာပေါ့ဗျာ။


Windows Components များကြောင့်လည်း စက်သုံးစွဲရာမှာ ကြန့်ကြာနိုင်ပါတယ်။ အဲ့ဒါတွေကိုလည်း ဖြုတ်လို့ရပါတယ်။ စမ်းသပ်တာ ၀ါသနာပါရင် စမ်းကြည့်ပေါ့ဗျာ။ Control panel ကိုဖွင့်လိုက်ပါ။ Change or remove programs ဆိုတာကို ဖွင့်လိုက်ပါ။ အောက်ကပုံမှာ အနီရောင်နဲ့ ခတ်ပြထားတဲ့ Add/remove windows components ဆိုတာကို နှိပ်လိုက်ပါ။ Windows Components Wizard ဆိုတဲ့ box လေးမှာကိုယ်နဲ့အသုံးမတည့်တာတွေ ဖြုတ်လိုက်ပေါ့ဗျာ ( ဥပမာ - Fax Services, indexing service, MSM explorer, outlook express, windows messenger )။ ပြီးရင် Next ကိုနှိပ်ပါ၊ Finish လို့ပေးပါ။ အားလုံးအဆင်ပြေပါစေဗျာ



No comments: